Agricultural Technology Blog
Monday, November 25, 2013
တောင်သူများသိစေရန်
ယခုဆောင်းဦးရာသီရောက်လာသည်နှင့်အမျှဆောင်းသီးနှံများဖြစ်သောကြက်သွန်၊မြေပဲ၊ငရုတ် အထူးသဖြင့် ခရမ်းချဉ်၊ပန်းမုန်လာ၊ဂေါ်ဖီထုပ် စသည့်သီးနှံများတွင် ဖျက်ပိုး(သို့)ရောဂါများ ကျရောက်၍ ပိုးသတ်ဆေး၊မှိုသတ်ဆေးများ သုံးစွဲနေရပါသည်။ဤသို့သုံးစွဲရာတွင် အလွန်အကျွံမဖြစ်စေရန်သတိပြုသင့်ပါသည်။အဘယ့်ကြောင့်ဆိုသော် သုံးစွဲသောဆေးများတွင် ဓာတ်ကြွင်းအာနိသင်ကျန်ရှိနေခြင်းကြောင့် စားသုံးသူများကိုထိခိုက်စေနိုင်သောကြောင့်ဖြစ်ပါသည်။ထို့ကြောင့်ဆေးများကိုသုံးစွဲရာတွင် ဆေးထုပ်ပါ ဆေးဖြန်ပြီးခူးဆွတ်ရိတ်သိမ်းနိုင်သောရက်(PHI)ကိုသတိပြုစေလိုပါသည်။ ၃-၉/၆/၂၀၁၃ ထုတ် The Farmer ဂျာနယ်တွင်ဖော်ပြထားသည်မှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး၏ထုတ်ပြန်ချက်အရ ကမ္ဘာ့လူဦးရေ ၂၅ သန်းခန့်မှာ ပိုးသတ်ဆေးအဆိပ်သင့်ခံရပြီး နှစ်စဉ် လူ ၂၀၀၀၀ ကျော် သေဆုံးနေရသည်ဟု၎င်းအစီရင်ခံစာကဆိုထားခဲ့ဖူးသည်။မြန်မာနိုင်ငံတွင်လည်း နှစ်စဉ် လူပေါင်းရာချီ ဆုံးရှုံးနေရပါသည်။ထိုကြောင့်ကျွန်တော့်တောင်သူများ ................
တောင်သူများသတိပြုသင့်ပါသည်
ယခုဆောင်းဦးရာသီရောက်လာသည်နှင့်အမျှဆောင်းသီးနှံများဖြစ်သောကြက်သွန်၊မြေပဲ၊ငရုတ် အထူးသဖြင့် ခရမ်းချဉ်၊ပန်းမုန်လာ၊ဂေါ်ဖီထုပ် စသည့်သီးနှံများတွင် ဖျက်ပိုး(သို့)ရောဂါများ ကျရောက်၍ ပိုးသတ်ဆေး၊မှိုသတ်ဆေးများ သုံးစွဲနေရပါသည်။ဤသို့သုံးစွဲရာတွင် အလွန်အကျွံမဖြစ်စေရန်သတိပြုသင့်ပါသည်။အဘယ့်ကြောင့်ဆိုသော် သုံးစွဲသောဆေးများတွင် ဓာတ်ကြွင်းအာနိသင်ကျန်ရှိနေခြင်းကြောင့် စားသုံးသူများကိုထိခိုက်စေနိုင်သောကြောင့်ဖြစ်ပါသည်။ထို့ကြောင့်ဆေးများကိုသုံးစွဲရာတွင် ဆေးထုပ်ပါ ဆေးဖြန်ပြီးခူးဆွတ်ရိတ်သိမ်းနိုင်သောရက်(PHI)ကိုသတိပြုစေလိုပါသည်။ ၃-၉/၆/၂၀၁၃ ထုတ် The Farmer ဂျာနယ်တွင်ဖော်ပြထားသည်မှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး၏ထုတ်ပြန်ချက်အရ ကမ္ဘာ့လူဦးရေ ၂၅ သန်းခန့်မှာ ပိုးသတ်ဆေးအဆိပ်သင့်ခံရပြီး နှစ်စဉ် လူ ၂၀၀၀၀ ကျော် သေဆုံးနေရသည်ဟု၎င်းအစီရင်ခံစာကဆိုထားခဲ့ဖူးသည်။မြန်မာနိုင်ငံတွင်လည်း နှစ်စဉ် လူပေါင်းရာချီ ဆုံးရှုံးနေရပါသည်။ထိုကြောင့်ကျွန်တော့်တောင်သူများ ................ok ဒီလောက်ဆို
Friday, November 15, 2013
ဒေါင်းနီးရောဂါ
ဒေါင်းနီးရွက်ခြောက်
သိပ္ပံနာမည်က Peronospora destructor ။ဒေါင်းနီးရောဂါသည် ရေမှိုတစ်မျိုးကြောင့်ဖြစ်ပါသည်။မှိုအစစ်မဟုတ်ပါ။ကြက်သွန်နှင့်၎င်းမျိုးရင်းဝင်တွေမှာအဖြစ်များပါသည်။နေ့အပူချိန် 24°C အောက် ၊ ညအပူချိန် (4-26)°C နှင့်ညစိုထိုင်းစ 95% စသောအခြေအနေများတွင် ရောဂါဖြစ်စေသောမှိုစပိုးများမျိုးပွားလေ့ရှိပါသည်။လေဖြင့်လည်းပျံ့နှံ့တတ်သလိုအထူးသဖြင့်ရေဖြင့်လည်းပျံ့နှံ့ပါတယ်။ဒီရောဂါဖြစ်ပြီဆိုရင် လောင်(metalaxy)+မန်ကိုမဂ်(mancozeb)၊အိန်ဂျယ်(dimethomorph) ၊ ရီဗိုက် (Azoxystrobin) ၊ ဆေးများကိုအလှည့်ကျပက်ဖျန်းနိုင်ပါသည်။
သိပ္ပံနာမည်က Peronospora destructor ။ဒေါင်းနီးရောဂါသည် ရေမှိုတစ်မျိုးကြောင့်ဖြစ်ပါသည်။မှိုအစစ်မဟုတ်ပါ။ကြက်သွန်နှင့်၎င်းမျိုးရင်းဝင်တွေမှာအဖြစ်များပါသည်။နေ့အပူချိန် 24°C အောက် ၊ ညအပူချိန် (4-26)°C နှင့်ညစိုထိုင်းစ 95% စသောအခြေအနေများတွင် ရောဂါဖြစ်စေသောမှိုစပိုးများမျိုးပွားလေ့ရှိပါသည်။လေဖြင့်လည်းပျံ့နှံ့တတ်သလိုအထူးသဖြင့်ရေဖြင့်လည်းပျံ့နှံ့ပါတယ်။ဒီရောဂါဖြစ်ပြီဆိုရင် လောင်(metalaxy)+မန်ကိုမဂ်(mancozeb)၊အိန်ဂျယ်(dimethomorph) ၊ ရီဗိုက် (Azoxystrobin) ၊ ဆေးများကိုအလှည့်ကျပက်ဖျန်းနိုင်ပါသည်။
Friday, November 8, 2013
Wednesday, November 6, 2013
ရွက်လိပ်အိမ်ပိုး
သူ့ရဲ့အင်္ဂလိပ်နာမည်ကတော့ Rice Casewormဖြစ်ပြီးတော့သိပ္ပံနာမည်ကတော့ Nymphula depunctalis ဖြစ်ပါတယ်။အပင်ငယ်စဉ်မှာသာကျရောကှ်ုများပြီးစ်ွစိုထိုင်းမှိုင်းတာကိုကြိုက်နှစ်သက်ပါတယ်။မိုးစပါးမှာပိုမိုကျရောက်မှုများပါတယ်စပါးပင်သားတက်ပွားသည့်အချိန်ထိဖျက်ဆီးပါတယ်။အရွက်များက်ုအလျားလိုက်လုပ်ပြီးနေပါတယ်ရေထဲမှာဖလံဘ၀ဖြင့်အကြီားနေပါတယ်။သူ့ရဲ့ဘ၀သက်တမ်းတွေကတော့ ဥဘ၀ မှာ ၂-၆ ရက် လောက်ကောင်ဘ၀မှာ ၁၅-၃၀ ရက် ရုပ်ဖုံးဘ၀မှာ ၄- ၇ ရက်ထိနေပါတယ် ဦးခေါင်းကအ၀ာဖျော့ရောင်ရှိပြီးခန္ဓာကိုယ်မှာကြည်လင်သောအစိမ်းရောင်ရှိပါသည်၁၃ မှ ၂၀ မီလီမီတာထိရှည်လျားပြီးကောင်ကြီးလျှင်၁၅မှ၂၅ မီလီမီတာထိရှည်ပါတယ် ဖလံကောင်ရဲ့အဖြူရောင်အတောင်ပေါ်မှာအညိုစက်လေးပါရှိပါတယ်။ သူ့ကိုနှိမ်နှင်းလိုလျှင် အဆိပ်ငွေ့အာနိသင်ရှိသောဆေး သို့မဟုတ် ထိုးဖောက်စိမ့်ဝင်အာနိသင်ရှိသောဆေး များဖြင့်နှိမ်နှင်းနိုင်ပါသည်။
Subscribe to:
Posts (Atom)