ဒေါင်းနီးရွက်ခြောက်
သိပ္ပံနာမည်က Peronospora destructor ။ဒေါင်းနီးရောဂါသည် ရေမှိုတစ်မျိုးကြောင့်ဖြစ်ပါသည်။မှိုအစစ်မဟုတ်ပါ။ကြက်သွန်နှင့်၎င်းမျိုးရင်းဝင်တွေမှာအဖြစ်များပါသည်။နေ့အပူချိန် 24°C အောက် ၊ ညအပူချိန် (4-26)°C နှင့်ညစိုထိုင်းစ 95% စသောအခြေအနေများတွင် ရောဂါဖြစ်စေသောမှိုစပိုးများမျိုးပွားလေ့ရှိပါသည်။လေဖြင့်လည်းပျံ့နှံ့တတ်သလိုအထူးသဖြင့်ရေဖြင့်လည်းပျံ့နှံ့ပါတယ်။ဒီရောဂါဖြစ်ပြီဆိုရင် လောင်(metalaxy)+မန်ကိုမဂ်(mancozeb)၊အိန်ဂျယ်(dimethomorph) ၊ ရီဗိုက် (Azoxystrobin) ၊ ဆေးများကိုအလှည့်ကျပက်ဖျန်းနိုင်ပါသည်။

No comments:
Post a Comment